ချီဖွေမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်နှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

ချီဖွေ  ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်(အကြို) မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဂွါဇာလေးက မြန်မာ့ လွတ်လပ်ရေးရရှိလာအောင် တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးဖြင့် နယ်ချဲ့အင်္ဂလိပ်များကို ရရာလက်နက်များ စွဲကိုင်ပြီးတော်လှန်ခဲ့မှု၊ မြန်မာ့လွတ်လပ်ရေးဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန်၊ အများရှေ့တွင် ရဲဝင်စွာပြောတတ်၊ ဆိုတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပရာ ဉက္ကပ်ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့က "လွတ်လပ်ရေးပန်း" ကဗျာခေါင်းစဉ်ဖြင့် ယှဉ်ပြိုက်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကျောင်းဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ်အကြို  ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ၊ စာပေမှရရှိသည့် အတွေးအခေါ်များ ရင့်သန်လာစေရန်အတွက် စာအုပ်၊စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း  သိရသည်။

မေခမွန် (ပြန်/ဆက်)