မိုးညှင်း ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဆု (Clean and Green School Award) အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော အခြေခံပညာကျောင်းများအား ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးငွေများပေးအပ်ပွဲကို ဒီဇင်ဘာ (၂၈)ရက် နံနက် (၁၁)နာရီခွဲက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းနိုင်ဝင်းက ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုအတွက် အစီအစဉ်အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပါဝါပွိုင်ဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုအတွက် ပါဝင်ယှဉ်ပြိုင်သော အခြေခံပညာကျောင်းများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးငွေများပေးအပ်ရာ၌ အထက်တန်း အဆင့်တွင် အထက(၁)မိုးကောင်းကျောင်းအတွက် ငွေကျပ်(၂၅)သိန်း၊ အလယ်တန်းအဆင့်တွင် အလက(သူဌေးကုန်း) ကျောင်းအတွက် ငွေကျပ်(၁၅)သိန်းနှင့် မူလတန်းအဆင့်တွင် အမက(ပင်လုံ)ကျောင်းအတွက် ငွေကျပ်(၁၀)သိန်း စုစုပေါင်းငွေကျပ် သိန်း(၅၀)ကို တာဝန်ရှိသူများက အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း