မိုင်းရှူးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းရှူး ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၁၀)နာရီက မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးတို့က “လွတ်လပ်ရေးအောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့က “လွတ်လပ်ရေးအမွေထိန်းသိမ်းစို့လေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က “လွတ်လပ်ရေးတည်တံ့ဖို့ဆက်လက်ထိန်းသိမ်းကြပါစို့”ခေါင်းစဉ်ဖြင့်လည်းကောင်း စုစု‌ပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/သူများအား ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် ပညာ‌ရေးစုံညီပွဲတော်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)