မိုးကုတ် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ(၃၅)ဦး ပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် လွယ်ငင်းကျေးရွာ အုပ်စု၊ လွယ်ငင်းဘုန်းကြီး ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာ အကြီးအကဲများမှ ဒေသခံပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ဧည့်စာရင်းများ မပျက်မကွက် တိုင်ကြားရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည့် Proportional Representative (PR)အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ မှတ်ပုံတင်ပြုလုပ်ခြင်း၊ အိမ်ထောင်စု ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံနိုင်ရေးနှင့် အခမဲ့ပညာ သင်ကြားရေးစနစ်နှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေးတို့နှင့်စပ်လျဥ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် တက်ရောက်လာသည့် ပြည်သူများမှတင်ပြသော လိုအပ်ချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကြည်ကြည်နွဲ့(ပြန်/ဆက်)