(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသ

ညောင်ဦး  ဒီဇင်ဘာ  ၃၀

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က နံရံကပ်စာစောင်ပြသခဲ့ကြောင်းသိရသည်။

နံရံကပ်စာစောင်ပြသရာတွင် အမျိုးသားခေါင်ဆောင်ကြီးများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ခဲ့သည့်မှတ်တမ်းဓာတ်ပုံများ၊ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်း ကောက်နှုတ်ချက်များ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည် ချက်(၅)ရပ်၊ မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊ လွတ်လပ်ရေးသစ္စာအဓိဌာန် (၉)ချက်၊ မြန်မာလွတ်လပ်ရေးတစ်လျှောက်ချုပ်ဆိုခဲ့သောစာချုပ်များ၊လွတ်လပ်ရေးနေ့သရုပ်ဖော် ကဗျာ၊ ပန်းချီ၊ ဓာတ်ပုံများ၊ ရုပ်ပြပုံများနှင့်အတူ၊ ကလေးသူငယ်ကာကွယ်ရေး နံရံကပ်စာစောင်များပါ ပြသပေးခဲ့ကြောင်း ကျောင်းသားကျောင်းသူများစိတ် ဝင်တစားကြည့်ရှုကြကာ ကျောင်းသူကျောင်းသားများမေးမြန်းသည့် သိရှိလိုသည်များကို ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သူဇာစိုး (ဦးစီး အရာရှိ)က ပြန်လည် ရှင်းပြပေးခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ