(၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်ရေး​နေ့အား ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ရေတာရှည်မြို့ အောင်မြန်မာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ရေတာရှည် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေးနေ့အား ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ရေတာရှည်မြို့  အောင်မြန်မာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား  ယမန်နေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါလမ်းအား မင်္ဂလာအချိန်ဖြစ်သည့် နံနက် ၈:၄၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်​ဝေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးဦးခင်​မောင်တင့်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြွ​ရောက်လာကြ​သော ဧည့်သည်တော်များနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လမ်းအရှည် ၉၅၂ ပေ၊ အကျယ် ၁၀ ပေ ရှိသော အောင်မြန်မာလမ်းကွန်ကရစ်လမ်းသစ်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် ၃၅ ဒဿမ ၈၀ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)