နွားထိုးကြီး ဒီဇင်ဘာ ၂၉
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသည့်မိန်ခွန်းကောက်နုတ်ချက်မှ လွတ်လပ်ရေး၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှ နိုင်ငံသားအားလုံးတွင် အပြည့်အဝတာဝန်ရှိ မိန့်ခွန်းကောက်နုတ်ချက်၊ ကာတွန်း၊ ကဗျာ၊ ဆောင်ပုဒ်များ စသည့်အကြောင်းအရာများ ပါဝင်သည့်(၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်(၄၅၀)စောင်ကို ကျောင်းသား၊ ကျောင်းသူများ ထံအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်