မြင်းခြံမြို့ အထက(၂) ကျောင်းတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ ပြုလုပ်

မြင်းခြံ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား၊ ကျောင်းသူလေးများ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့ထောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ကြရန်လို အပ်ကြောင်း  စသည့်အကြောင်း အရာများကို ဟောပြောခဲ့သည်။ ထို့နောက် အထက (၂) ကျောင်းအုပ်ဆရာမကြီး ကိုယ်စား ဆရာမ ဒေါ်ခင်မာလာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ခရိုင်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် အဖွဲ့ဝင်များ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)