နမ့်ဆန်ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျောင်းသား/သူလေးများ ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကျောင်းသား/သူလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီးအစုလိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်ကိုရင်းနှီးကျွမ်း ဝင်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် စာအုပ်ရွက်၊ ဇွန်း ကိုက်၊ ခြေထောက်ပူးချည် ပြိုင်ပွဲများကိုကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်းခွဲ (အလက-၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ သူများအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)