အထက-ခွဲ(မြို့ဦး)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

နမ့်စန်()     ဒီဇင်ဘာ  ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့ပူးပေါင်း၍ဆောင်ရွက်သောလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မန်နေ့ နေ့လယ်၂နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့ဦးအခြေခံပညာအထက်တန်းကျောင်းခွဲတွင်ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်များ စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့်မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးအန္တရာယ် စသည့် ခေါင်းစဉ်များဖြင့် အသိ ပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များနှင့်ပြန်/ဆက်ဦးစီးဌာန၏ နယ်လှည့်လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသပေးခြင်း၊ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)