ဒေါ့ဖုန်းယန် ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး မိုးမောက်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက်မှ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးမောက်မြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးညီညီက မြို့နယ် (Working Group) အဖွဲ့၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်သော ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် တစ်အိမ်တက်ဆင်းမြေပြင်စာရင်းကောက်ယူရေအဖွဲ့များဖွဲ့စည်းခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းတွင် ပြင်ဆင်ခြင်း/ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်များ၊ မသန်စွမ်းသူများကောက်ယူမည့်ပုံစံများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများစုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၆၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။
ဒေါ့ဖုန်းယန်