မိုးမောက် ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီမှ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လွယ်ဂျယ်မြို့ဦးစီးမှူး ဦးသော်ဇင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မြေပြင်စာရင်းများ မှန်ကန်စွာကောက်ယူနိုင်ရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ လွယ်ဂျယ်မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေး(Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group)အဖွဲ့ဝင်များ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီခွဲအထိ သင်တန်းနည်းပြအဖြစ် လွယ်ဂျယ်မြို့ လ.ဝ.က ဦးစီးမှူး ဦးသော်ဇင်က သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)