မန့်ဟီးရိုး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာ များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaign ကို ယမန်နေ့နံနက်ပိုင်း က နောင်ဟင်ကျေးရွာ စက်လှေဆိပ်နှင့် မြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။
Mask Campaing ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်၊ မြို့မရဲစခန်းမှူး ရဲအုပ်တင်အောင်စိုးနှင့် မြို့အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နှာခေါင်းစည်း Mask (၁၅၀၀)ခုအား စက်လှေပေါ်ရှိ ခရီးသွားဒေသခံပြည်သူများ၊ မြို့မဈေးထဲရှိ ဈေးရောင်းချသူများ၊ ဈေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကာ ဈေးရောင်းချနေသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်တားဆီးရေး ညွှန်ကြားချက်များနှင့်အညီ ရောင်းချသွားရန်နှင့် နောင်ဟင်စက်လှေဆိပ်ရှိ စက်လှေ မောင်းသမား များကိုယ်တိုင် Mask တပ်ဆင်ပြီးမှ စက်လှေမောင်းနှင်ကြရန်၊ စက်လှေစီး ခရီးသည်များမှလည်း Mask တပ်ဆင်သွားလာကြရန်နှင့် Mask မတပ်ဆင်သောသူများအား စက်လှေပေါ်သို့ တက်ရောက်ခွင့်မပြုရန်တို့ကို အသိပညာပေးသည့် Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)