ကန်ပိုက်တီမြို့၌ မဲစာရင်းများပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ‌ရေးသင်တန်းဖွင့်လှစ်

ကန်ပိုက်တီ ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ မဲစာရင်းများပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး မြို့အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ‌‌ရေးသင်တန်းကို အမှတ် (၁) ရပ်ကွက်ရှိ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၁ နာရီက ဖွင့်လှစ်ပို့ချပေးခဲ့သည်။

ရှေးဦးစွာ ကန်ပိုက်တီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မော်က လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရန် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ‌ရေးနှင့်ပတ်သက်သည့်များအား ရှင်းလင်းပို့ချ‌ပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ် ခွဲ (၂) မှ အရာရှိကြီးများ၊ နယ်မြေရဲစခန်းမှ အရာရှိကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ကန်ပိုက်တီ (ပြန်/ ဆက်)