ဆွမ်ပရာဘွမ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှအလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေးများက၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် "လွတ်လပ်ရေးနေ့တို့မမေ့" ခေါင်းစဉ်ဖြင့် စာစီစာကုံးပါဝင်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့အခမ်းအနားတွင် ဆုများ‌ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယပညာရေးမှူးဦးပီစီကော၊ အ.ထ.ကကျောင်းမှ ဆရာ၊ ဆရာမများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

April moe(ဆွမ်ပရာဘွမ်)