ဘီးလင်း စက်တင်ဘာ ၂၃
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော (Community Base Facility Quarantine) များတွင် နေထိုင်လျက်ရှိသည့် အမှတ် (၂၂) တာယာစက်ရုံမှ ဝန်ထမ်း ၃၈၄ ဦး အတွက် Yangon Tyre ကုမ္မဏီမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန့်နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံပေးအပ် လျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်ရပ်ကွက်နှင့် ကျေးရွာများတွင် (CBFQ) စခန်း ၃၇ ခုဖွင့်လှစ်ထားရှိပြီး အဆိုပါ စခန်းများတွင် နေထိုင်လျက်ရှိသည့် တာယာစက်ရုံဝန်ထမ်း ၃၈၄ ဦးအတွက် တစ်ဦး လျှင် ၁၅၅၀ ကျပ်နှုန်းဖြင့် ၁၂ ရက်စာ စားစရိတ် စုစုပေါင်း ငွေကျပ် ၇၁၄၂၄၀၀ ကျပ်အား Yangon Tyre ကုမ္မဏီမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ထူးနောင်