တနိုင်းမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး  သင်တန်း ဖွင့်လှစ်

တနိုင်း ဒီဇင်ဘာ ၂၈

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တနိုင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ‌ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်သန်းမှ သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ သင်တန်းအား ဒီဇင်ဘာ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၂) ရက်ကြ ာပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ တပ်မတော်ကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့မှုးအရာရှိကြီးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပညာရေးဆရာ/ဆရာမများ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာ (၄) ဦးမှ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် မြေပြင်စာရင်းကောက်ယူခြင်းအား ဇန်နဝါရီ (၉) ရက်နေ့မှ စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)