လယ်ဝေး ဒီဇင်ဘာ ၂၈
နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် လယ်ဝေးမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက် ဗုဒ္ဓရက္ခိတကျောင်း၌ ကျင်းပရာ လယ်ဝေးမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ သရက်တောကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရ အရှင်သူမြတ်အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။
ရှေးဦးစွာ အေလာသရက်တောကျောင်းတိုက် ဆရာတော်ထံမှ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များ အလှူရှင်များနှင့် ဧည့်ပရိသက်များက အေလာသရက်တောကျောင်းတိုက် ဆရာတော်ထံမှငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်
ဆက်လက်၍ လယ်ဝေးမြို့သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောကျောင်းတိုက်ပဓာနနာယက၊ ဘဒ္ဒန္တကုမာရအရှင်သူမြတ်ထံမှ ရေစက်ချတရားတော်နာယူခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ (၂၂) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၆)ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်းသိရသည်။
ဝေကြည်