လွိုင်လင်မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ သင်တန်းဖွင့်လှစ်

လွိုင်လင်  ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အဆင့် Working Group မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက အလက(၁)ကျောင်း ပန်းဟေဝန် ခန်းမ၌ကျင်းပပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင် တက်ရောက်၍ သင်တန်းဖွင့်အမှာ စကားပြောကြားသည်။

ယနေ့သင်တန်းသို့ သင်တန်းသားများစုံစုံညီညီတက်ရောက်လာသည့်အတွက်ကျေးဇူးတင် ရှိပါကြောင်း၊ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးပြီးအနိုင်ရသည့်ပါတီအား နိုင်ငံ တော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာမှာ မှန်ကန်သည့်မဲဆန္ဒရှင် စာရင်းများရရှိစေရန် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း‌‌ကောက်ယူသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင်စာတွေ့ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားများမှ စိတ်ပါဝင်စားစွာသင်ယူပြီး မြေပြင်စာရင်း ကောက်ယူကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရန် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ယင်းနောက် သင်တန်းသား လက်စွဲစာစောင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဦးခွန်ထွန်း မောင်ကပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကလက်ခံရယူပြီး နောက်ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထူးအောင်၊ မြို့နယ်ဦးစီးမှူး ဦးမိုးမောင် မောင်ခင်နှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်‌ရေးမှူးမျာ၊  စာရေးဝန်ထမ်းများ ပညာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး သင်တန်းသား/သူ(၁၅၀)ဦးရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်