ဘူးသီးတောင်မြို့၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)စာစီစာကုံး၊ကဗျာ၊ဆောင်းပါးပြိုင်ပွဲကျင်းပ

ဘူးသီးတောင် ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲ အချိန်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို)စာစီစာကုံးအထက်တန်းအဆင့်ပြိုင်ပွဲကိုမိုးသို့ လွင့်ပျံလွတ်လပ်ရေးရဲ့ အသံခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲကိုလွတ်လပ်ရေးနေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ပြိုင်ပွဲကိုလွတ်လပ်ရေးအမွေထိန်းစို့ လေခေါင်းစဉ်ဖြင့်လည်းကောင်း၊အလယ်တန်းအဆင့်ပြိုင်ပွဲကို စိန်ရတုလွတ် လပ်ရေးနေ့မှသည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့် လွတ်လပ်ရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင်အထက်တန်းအဆင့် ကျောင်းသား/သူ(၁၂)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/သူ(၆)ဦး၊ ကဗျာပြိုင်ပွဲတွင်အထက်တန်းအဆင့် ကျောင်းသား/သူ(၅) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁)ဦး၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင်ကျောင်းသား/ သူ( ၄)ဦးစုစုပေါင်း(၂၈)ဦးပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)