မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

မန္တလေးခရိုင် ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ယမန့်နေ့နံနက်(၁၀)နာရီအချိန်က မန္တ လေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်တန်းတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက အခမ်းအနားမှူးတစ်ဦးအနေဖြင့် အခမ်းအနားစီစဉ် ဆောင်ရွက်ရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အခမ်းအနားမစတင်မီ အခမ်းအနားအစီအစဉ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ အခမ်းအနားမှူးအနေဖြင့် ကျန်းမာရေးဂရုစိုက်ရမည့်အချက်များ၊ အသံထွက်မှန်ကန်စေရေး၊ ယဉ်ကျေးစွာဝတ်စားဆင်ယင်ရေး၊ မြန်မာစာမြန်မာစကားကို ဌာန်ကရိုဏ်းကျကျ အသံထွက်မှန်ကန်စေရေး၊ သဒ္ဒါမှန်ကန်စေရေး၊ လေယူလေသိမ်းမှန်ကန်စေရေးစသည့် အချက်များကို ပို့ချသွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားမှူး ကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားမှူးသင်တန်းကို သင်တန်းသူ(၂၅)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၂၆-၁၂-၂၀၂၂)ရက်နေ့မှ (၂၈-၁၂-၂၀၂၂)ရက်နေ့အထိ (၃)ရက်တာ ကြာမြှင့်မည်ဖြစ်ကြောင်း သိရ သည်။

ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)