နမ့်ဆန်မြို့ တွင် ကျောင်းသား/သူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

နမ့်ဆန် ဒီဇင်ဘာလ  ၂၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံး  ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ-၁၉၊ အမှတ်-၂၄ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာတွင် ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က မောင်နှင်းဆီ၏  ”စကားခွန်အား” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် မြန်မာ့ယဉ်ကျေးမှုအရ စကားအရာအင်္ဂါငါးဖြာ ရှိသလိုမှန်ကန်ရမယ်၊ သိမ်မွေ့ရမယ်၊ မေတ္တာစိတ်နဲ့ပြောဆိုအပ်တယ်၊ ကုသိုလ်၊ သုစရိုက်ကိစ္စ အလုပ်မှဘဝကို အကျိုးစီးပွားအမှန်တရား၊ အကုသိုလ် ဒုစရိုက်အလုပ်မျိုးနဲ့ ပတ်သက်ဆက်စပ်တာဆိုရင် ရှောင်ကြဉ်ရမယ် စသည့် ဘာသာတရားအဆုံးအမ စကားများကို အလေးထားဖို့လိုအပ်ပါကောင်း ဆွေးနွေးပြီး၊ Grade-10 ကျောင်းသူ မအေးသန္တာမြင့်ဦး က  စာတတ်သူတိုင်း စာရေးနိုင်ခွင့်ရှိတာ အင်မတန်ကောင်းမွန်ထိရောက်တဲ့ ကွန်ပျူတာနည်းပညာရဲ့ တိုးတက်ပြောင်းလဲမှု အကျိုးပြုမှုပါပဲ၊ အမှိုက်သရိုက် အညစ်အကြေး အဆိပ်အတောက် ဘေးဖြစ်စေမည့် အန္တရာယ်ကျရောက်စေမည့် စကားမျိုး စာမျိုးနည်းပါးစေချင်ပါတယ် စသည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

နမ့်ဆန်မြို့ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများ လစဉ်ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် အမှားအမှန်ကို ပိုင်းခြားသိပြီး ပူးပေါင်းဆွေးနွေးဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)