မိုးနဲမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မိုးနဲ၊ မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့်  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းမခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်

ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ဦးဆောင်မှုဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးအောင်ကိုမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နမ့်ခုံးရှမ်းများ၊ ပရဟိတအသင်းဝင်များပူးပေါင်း၍ မိုးနဲ-လင်းခေး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ  အများပြည်သူသွားလာနေသည့် ကားဂိတ်များ၊ ခရီးသွားပြည်သူများနှင့် မြို့စျေးကြီးတို့တွင် တစ်ဦးချင်း ပညာပေးဆောင်ရွက်ခြင်း ၊ ရှမ်းဘာသာ/မြန်မာဘာသာနှင့် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ (၅၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)