ရပ်စောက်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အမျိုးသမီးဘောလုံးပြိုင်ပွဲအခမ်းအနား ကျင်းပ

ရပ်စောက်      ဒီဇင်ဘာ   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို  အမျိုးသမီးအလွတ်တမ်းဘောလုံးပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၂:၀၀)၌ ရပ်စောက်မြို့နယ် (၆၂)သစ်စက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမင်းစိုးနိုင်မှ အဖွင့်မှာစကားပြောကြားခြင်း၊ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့ကြပြီး မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ပွဲကြည့်သူပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်မှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်သည် ဘောလုံးအားကစားသမားများ အစဉ်အဆက်ပေါ်ထွက်ခဲ့သည့်မြို့ဖြစ်သည့်အပြင်  အားကစားသမားများအနေဖြင့် အနိုင်အရှုံးအဓိကမထားဘဲ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်ခြင်းကိုသာ အဓိကထား၍ ကစားကြစေလိုကြောင်း၊ ယခုလိုပြိုင်ပွဲများ ကျင်းပပေးရခြင်းကြောင့် ဘောလုံးအားကစားသမားများအနေဖြင့် ကျန်းမာကြံ့ခိုင်သော အားကစားသမားများ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားများပေါ်ထွက်လာစေရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဘောလုံးအားကစားပြိုင်ပွဲတွင် အလွတ်တန်း ကျေးရွာပေါင်းစုံဘောလုံးအသင်း (၁၁)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)