ကျောက်မဲမြို့နယ် လုံဝယ်ကျေးရွာတွင် ဆွမ်းကြီးလောင်းလှူပွဲ၊ စာရေးတံမဲပွဲနှင့် ဘုရားပွဲတော်ကျင်းပ

ကျောက်မဲ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စခန်းသာကျေးရွာအုပ်စု၊ လုံဟယ်ကျေးရွာတွင် ဒီဇင်ဘာ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်မှစ၍ (၁၂)ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲ၊ စာရေးတံမဲပွဲနှင့် ဘုရားပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်ကို လုံဝယ်ကျေးရွာဘောလုံးကွင်းတွင် ဒီဇင်ဘာလ ၂၅ ရက်အထိ ကျင်းပခဲ့ကြောင်း အဆိုပါဘုရားပွဲတွင် (၆)ကြိမ်မြောက် ဘောလုံးအားကစားပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲကို အမျိုးသားအသင်း ၈ သင်း အမျိုးသမီးအသင်း ၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုပေးပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း