နေပြည်တော် ဒီဇင်ဘာ ၂၆
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသပြေခင်နှင့် စာရေးဆရာခိုင်းမင်း(နေပြည်တော်)တို့က မြန်မာနိုင်ငံ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရမှု၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှု စသည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါလွတ်လပ်ရေးနေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးမှု အပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)