မိုးညှင်း ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျောင်းသားကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်နှင့် ထူးချွန်ထက်မြက်သည့် ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ဘာသာရပ်အသီးသီးမှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက်ပြိုင်ပွဲများတွင် ဆုများရရှိကြမည့်ကျောင်းသားကျောင်းသူများကို ဒီဇင်ဘာ(၃၀)ရက်နေ့တွင် ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘာသာရပ်ဌာနအသီးသီးမှ အသိပညာပေးပြခန်းများနှင့် စျေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း