စဉ့်ကိုင် ဒီဇင်ဘာ ၂၅
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တွင်ပါ၀င်သည့် အချက်အလက်များကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်လည်း ယနေ့နံနက်(၁၁)နာရီ၌ ကလေးသူငယ်အခွင်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးYouth Club ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ စာရေးဆရာဦးတိုက်ကြည်(စဉ့်ကိုင်)က လူ့အခွင့်အရေးအဓိပ္ပာယ်၊ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့်အခွင့်အရေးများ၊ အလုပ်ရှင်များအတွက် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အချက်အလက်စည်းကမ်းများ၊ ကလေးသူငယ် ဥပဒေများ၊ ကလေးသူငယ်များ၏ မိဘများလိုက်နာသင့်သည့်အချက်များကို အကျယ်တ၀င့်ပြန်လည် ဆွေးနွေးခဲ့သည်။
အဆိုပါ ဆောင်ရွက်ခြင်းများသည် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show အစီအစဉ်များ ကို We Love Sintgaing Page တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)