စဉ့်ကိုင်မြို့ လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမတွင်မသန်စွမ်းသူများနှင့် ပတ်သက်သည့်အသိပညာပေးဆွေးနွေးပွဲ  Talk  Show  ပြုလုပ်

စဉ့်ကိုင်    ဒီဇင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများ အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက လူထု အခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် မသန်စွမ်းသူများနှင့်  ပတ် သက်သည့်  အသိပညာပေးဆွေးနွေးပွဲ Talk  Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဒေါ်၀င်း၀င်းသန်း (ဦးစီးအရာရှိ)က နိုင်ငံတော်အစိုးရမှ   မသန်စွမ်းသူများအတွက် ပြဌာန်းထားသည့် အခွင့်အရေးများ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုများ၊ အနိုင့်အထက်ပြုခြင်းများရှိခဲ့လျှင် ဥပဒေအရ အကာ အကွယ်ပေးနေမှု  အခြေအနေများ၊ မသန်စွမ်းသူများအနေဖြင့်လည်း   တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေမှု၊  မသန်ပေမဲ့လည်းစွမ်း ဆောင်ပေးနေမှုအခြေအနေများကိုဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာရှေ့နေ ဦး၀င်းကြည်(ဥက္ကဋ္ဌ) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက မသန်စွမ်းသူများအနေဖြင့်မြန်မာ နိုင်ငံတွင် (၁၉၅၈)ခုနှစ် ကတည်းက  မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေးများဆိုင်ရာ အက်ဥပဒေကို ပြဌာန်းခဲ့ပြီး၂၀၁၅ခုနှစ်မှာလည်း မသန်စွမ်းသူများနှင့် ပတ်သက်သည့် အခွင့်အရေးဆိုင်ရာ တန်းတူညီမျှ ရရှိစေရေး ဥပဒေများကို ပြဌာန်းခဲ့ပါကြောင်း၊  မသန်စွမ်းသူများအနေဖြင့် မသန်ပေမဲ့လည်းစွမ်းဆောင်နိုင်သူများဖြစ်သည့်အတွက် စိတ်ဓာတ် ခွန်အားကျစရာမလိုကြောင်းအသီးသီး ဆွေးနွေးပြောကြားခဲ့ပြီးလူမှု ၀န်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများကိုတစ်ဦးလျှင်ငွေကျပ်(၃၀၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)