ကျိန္တလီ ဒီဇင်ဘာ ၂၅
ကျိန္တလီမြို့၌ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းအားလပ်ချိန်များတွင် အသိပညာဗဟုသုတများ ရရှိစေရန် စာအုပ်စာပေများဖတ်ရှုရန်လိုအပ်ကြောင်း၊ ယခုလိုတစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်၊၊
ဆက်လက်၍ မဖြိုးအိမွန်က “ရှားလော့ဟုန်းလဲမှားတာပဲ” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မကေကေက “မှားမှာကိုမကြောက်ပါနဲ့” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မချိုဇင်ထွေးက “အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မဇာခြည်ဖြိုးက “အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း” ခေါင်းစဉ်ပါ အကြောင်းအရာ များကိုလည်းကောင်း ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိန္တလီ ပြန်/ဆက်