မှော်ဘီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်

မှော်ဘီ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့ နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်း များတွင် ဆောင်ရွက် အသုံးပြု ရေး အတွက် ယမန်နေ့က မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ် မြို့မစျေး စျေးအတွင်း၊ အပြင်ရှိ စျေးသူ၊ စျေးသားများမှ  အလှူငွေ (၁၃သိန်း၂သောင်းကျော်)ကို လာရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေများကို ကန့်သတ်စောင့်ကြည့် ရေးစခန်းတွင် Quarantine ဝင်နေသူများ၏ အထွေထွေ လိုအပ်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)