ကျိုင်းတောင်းမြို့၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပန်းချီဆွဲပြိုင်ပွဲကျင်းပ

ကျိုင်းတောင်း ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ (၇၅)နှစ်မြောက် လွတ်လပ်ရေး နေ့အကြို ပန်းချီဆွဲပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နေ့လယ် (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀)ဦးတို့က လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းသီဟထွန်းက ပန်းချီဆွဲပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲ၏ စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊  ကျောင်းသား/ကျောင်းသူများက မိမိတို့စိတ်ကူးများကို စိတ်ကူးပုံဖော်ရေးဆွဲယှဉ်ပြိုင်ခဲ့ကြပြီး ဆက်လက်၍ ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုအသီးအသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

သီဟ(ပြန်/ဆက်)