မြောက်ဥက္ကလာပ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ထားရှိနိုင်ရန် Quarantine Centre များကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Quarantine Centreများမှ ထွက်ရှိသော အမှိုက်များကို ရန်ကုန် အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ယမန့်နေ့ နံနက်ပိုင်းက (၂) ရပ်ကွက်ရှိ မယ်လမုသုံးထပ်ဓမ္မာရုံနှင့် (င)ရပ်ကွက်ရှိ အ.ထ.က(၅) ကျောင်းတို့တွင် အမှိုက်ကား ဖြင့် လာရောက်သိမ်းဆည်းခဲ့ကြောင်းသိရသည်။
အဆိုပါ ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ လက်အိတ်၊ Maskများ စနစ်တကျ ဝတ်ဆင်၍ အရှေ့ပိုင်းခရိုင်အတွင်း Quarantine Centre များထားရှိသည့် မြို့နယ်(၇)မြို့နယ်မှ အမှိုက်များအား ဆေးရုံ၊ ဆေးခန်းသုံး အမှိုက်သိမ်းယာဉ်ဖြင့် လှည့်လည်သိမ်းဆည်းပြီး အမှိုက်များကို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်တွင် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)