ကျိုင်းတုံမြို့၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ(စတုတ္ထပတ်)နှင့် အားကစားပြိုင်ပွဲများကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ (စတုတ္ထပတ်)နှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၅နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

စုပေါင်းလမ်းလျှောက်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ စုပေါင်းပါဝင်ပြီး မြို့လယ်လွှတ်လပ်ရေးကျောက်တိုင်စုရပ်မှ နောင်တုံကန်တစ်ပတ် စုပေါင်း လမ်းလျှောက်ကြပြီး မြို့မအားကစားကွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် FitnessDance ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ် ခဲ့ကြောင်း သိရသည်။

လမ်းလျှောက်ပွဲအပြီးတွင် ဒီဇင်ဘာ လူထုအားကစားပြိုင်ပွဲများအဖြစ် ထုတ်ဆီးထိုး၊ လွဲန်ဆွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများက ပျော်ရွင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)