လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း ပဒံကျေးရွာအုပ်စု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ကိတ်ခြောက်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာ၊ ရေသန့်နှင့်အလှူငွေများ လာရောက်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရေးနှင့် ရောဂါကာကွယ်ရေးအတွက် ရည်ရွယ်၍ အတွင်းပဒံကျေးရွာအုပ်စု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးကော်မတီသို့ ယမန်နေ့ မွန်းလွဲပိုင်းက ကိတ်မုန့်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာ၊ ရေသန့်နှင့် အလှူငွေများ လာရောက်လှူဒါန်းသည်။

အဆိုပါလှူဒါန်းရာတွင် အတွင်းပဒံကျေးရွာတွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းများအတွက် အမှတ်(၁၁)ရပ်ကွက် ဦးကျော်ဝင်းသူ ရွှေမန်းရေခဲမုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းများမှ လက်သန့်ဆေးရည်(၁၅)ဘူး၊ နှာခေါင်း စည်း Mask (၅)ဘူး၊ ကာပေါ်လစ်ဆပ်ပြာ (၄)တောင့်၊ ရေသန့်ဘူး(၁၂)ဘူးပါ (၇)ပါကင်နှင့် အလှူငွေ သုံးသောင်းကျပ် တို့အား အတွင်းပဒံကျေးရွာအုပ်စု ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့  လာရောက်လှူ လှူဒါန်းခဲ့ ပြီး ကော်မတီကိုယ်စား အတွင်းပဒံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)