လမ်းမတော်မြို့နယ် အထက(၁)ကျောင်းတွင်Facility Quarantine centre စတင်ဖွင့်လှစ်

လမ်းမတော် စက်တင်ဘာ ၂၃

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အ.ထ.က(၁)တွင် ဖွင့်လှစ်ခဲ့သည့်  Quarantine Centre  ဖွင့်လှစ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ် မှုဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ထိုသို့ ပြင်ဆင်ရာတွင်အမှတ် (၉)ရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှိ Quarantine Centre ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ည (၇)နာရီကစ၍ Quarantine ဝင်ရောက်သူ (၁၈)ဦးအား စတင်ထားရှိခဲ့ပြီး အဆိုပါကျောင်းတွင် လူဦးရေ (၅၀)ဦးအထိ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ Quarantine Centre ဝင်ရောက်သူများကို မနက်စာ၊ နေ့လယ်စာ၊ ညနေစာများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်