မိုင်းလုံမြို့၌ ရန်ကုန်မြို့နှင့်မန္တလေးမြို့မှ ပြန်လာသူ(၁၀)ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာ စစ်ဆေးချက်အဖြေများ ထုတ်ပြန်ကြေညာ

မိုင်းလုံ  စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ် (‌မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမြစိုး၊ သားဖွားဆရာမ ဒေါ်နန်းမြဟန် နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေး ကော်မတီဝင်များ ပူးပေါင်း၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူ (၁၀)ဦးကို (၁၇-၉-၂၀၂၀)ရက်နေ့က နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသည့် အလယ်ရပ်ကွက်တွင် နေထိုင်သူ (၃)ဦး၊ ခန္တီရပ်ကွက်တွင်  နေထိုင်သူ(၆)ဦးနှင့် နားမျှောကျေးရွာတွင် နေထိုင်သူ (၁)ဦး၊ စုစုပေါင်း (၁၀)ဦးတို့၏ စစ်ဆေးချက်အဖြေသည် (Negative) ဖြစ်ကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

စန္ဒာ (မိုင်းလုံပြန်/ဆက်)