လှိုင်သာယာမြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စခန်းများသို့ လက်သန့်ဆေးပုံးနှင့် Mask များလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စခန်းများသို့ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ အလှူရှင်များ လာရောက်လှူဒါန်းထားသည့် လက်သန့်ဆေးပုံး နှင့်  နှာခေါင်းစည်း Mask များကို အမှတ်(၇)ရပ်ကွက်ရှိ အ.ထ.က(၅)နှင့် အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(၁)ကျောင်း များတွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းများသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီကိုယ်စား လှိုင်သာယာ မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးအေးဗိုလ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်တို့က အမှတ်(၇)ရပ်ကွက် အ.ထ.က(၅) ကျောင်းတွင် ဖွင့်လှစ်ထားသည့် ကန့်သတ်စောင်ကြည့်စခန်းအတွက် လက်သန့်ဆေးတစ်ပုံးနှင့် နှာခေါင်း စည်း Mask (၅)ဘူးနှင့် အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်းတွင် ဖွင့်လှစ်ထားသည့် ကန့်သတ်စောင်ကြည့်စခန်း အတွက် လက်သန့်ဆေးတစ်ပုံးနှင့် နှာခေါင်းစည်း Mask (၂၀)ဘူးတို့ကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး လှိုင်သာယာ မြို့နယ်အတွင်း ကျန်ရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းများအတွက်လည်း ဆက်လက်ပေးအပ်လှူဒါန်း သွားမည်ဖြစ် ကြောင်း အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူထံမှ သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)