ဗိုလ်တထောင်မြို့နယ်တွင် တိုင်းအဆင့်ဘောလုံးပြိုင်ပွဲ လူရွေးပွဲကျင်းပ

ဗိုလ်တထောင် ဒီဇင်ဘာ ၂၃

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ခရိုင်အဆင့်ကျောင်းသားဘောလုံးပြိုင်ပွဲ လူရွေးပွဲကို အမှတ်(၁၀)ရပ်ကွက် အ.ထ.က (၆) ကျောင်းအားကစားကွင်းတွင် ယနေ့နံနက် (၇)နာရီအချိန်က ကျင်းပသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲလူရွေးပွဲတွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်(၁၄)မြို့နယ်မှ အသင်း(၁၄)သင်းယှဉ်ပြိုင်ကစားခဲ့ကြပြီး တိုင်းအဆင့်ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့သည်။ လူရွေးပွဲသို့ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သင်္ဃန်းကျွန်းခရိုင်များမှ ခရိုင်ပညာ ရေးမှူးများ၊ မြို့နယ်(၁၄)မြို့နယ်မှ ပညာရေးမှူးများ၊ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူများက လာရောက်အားပေးကြည့်ရှုကြကြောင်း သိရသည်။

မေနှင်း