မန်တုံ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပန်းချီပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသော အခြေခံအထက်တန်းကျောင်းမှ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိစေရန်၊ လွတ်လပ်ရေးအား အစဉ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ အမှတ်ရစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရကြောင်း ပြိုင်ပွဲ၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အလယ်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈)ဦးမှ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် စိတ်ကြိုက်ပန်းချီများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)