လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထား သည့် ကန့်သတ်စောင့်ကြည့်စခန်းမှ စောင့်ကြည့်လူနာများ၏ (Swab)များကို  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)သို့ ပိုဆောင်စစ်ဆေး ဆောင်ရွက် 

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အစိုးရနည်းပညာ အထက်တန်း ကျောင်း(လှိုင်သာယာ)တွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းမှ အနံ့မရသည့် ကန့်သတ် စောင့်ကြည့်လူနာများမှ (Swab)များကို ယမန်နေ့ နံနက်ပိုင်းက  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL) သို့ပိုဆောင်စစ်ဆေးခြင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန ဆောင်ရွက် သည်။
ထိုသို့ အစိုးရနည်းပညာအထက်တန်းကျောင်း(လှိုင်သာယာ) တွင်ဖွင့်လှစ်ထားသည့် ကန့်သတ် စောင့်ကြည့်စခန်းမှ စောင့်ကြည့်လူနာများ၏ (Swab)များကို  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန(ရန်ကုန်) (NHL) သို့ပိုဆောင်ရာတွင် အမျိုးသား(၂၈)ဦးနှင့် အမျိုးသမီး (၃၆)ဦး စုစုပေါင်း (၆၄)ဦး၏ (Swab)များကို ပို့ဆောင်ခဲ့ပြီး အဖြေပေါ်မူတည်၍ လွှဲပြောင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူထံမှ သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)