နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းနှင့်အတူ နှာခေါင်းစည်းများဖြန့်ဝေ

နမ့်ခမ်း    စက်တင်ဘာ   ၂၃

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကူးစက်ပျံ့ပွားမှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုများ (Mask) နှာခေါင်းစည်းစနစ်တကျတပ်ဆင် သွားလာနိုင်ရေးနှင့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန်ခန့် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းနှင့်အတူ နှာခေါင်းစည်း(Masks)များ (အခမဲ့) ဖြန့်ဝေပေးလျက် ရှိသည်။

နှာခေါင်းစည်း (Mask)များကို နမ့်ခမ်းမြို့၊ မြို့မ စည်ပင်သာယာဈေးနှင့် အမှတ်(၂)၊ အောင်မေတ္တာ ဈေး၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများကို  နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အကျင့်ရရှိရေးအတွက် နှာခေါင်းစည်း (Mask)များကို အခမဲ့ ဖြန့်ဝေးပေးပြီး နှားခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့် ဈေဝယ်ယူသူများကို ဈေးထဲသို့ ဝင်ရောက်ခွင့်မပြုဘဲ နှာခေါင်းစည်းတပ်ဆင်ပြီးမှသာလျှင် ဈေးထဲသို့ ဈေးဝယ်ယူခွင့်ပြုခြင်းတို့ကိုလည်း ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်သည့် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ၊ ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ ထုတ်ပြန်သည့် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် ညမထွက်ရ အမိန့်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

ရောဂါ ကာကွယ်ရေးလုပ်ငန်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးဌာနမှ အလုပ်အမှုဆောင်အရာရှိ ဦးအောင်ဖေ ဦးဆောင်သည့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ လ.ဝ.က ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးအဖွဲ့နှင့် (NMBG) ပရဟိတ စက်ဘီးစီးအဖွဲ့ လူမှုကူညီရေးအသင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)