မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

အမ်း ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနသို့ သွားရောက်၍ ယနေ့ နေ့လယ်  ၁၂ နာရီအချိန်က သုတရသ စာအုပ်စာစောင်များအားအခမဲ့ငှားရမ်းပေးခဲ့သည်။

 မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အပါတ်စဥ် ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများမှစာဖတ်ပရိသတ်များကို စာအုပ်စာပေ အလွယ်တကူဖတ်ရှု့လေ့ လာနိုင်ရန်အတွက် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များ စာအုပ်၊ စာစောင်အသစ်များကို စာဖတ်ပရိသတ်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်းအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း