ေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန၊ မသန်စွမ်းသူများအခွင့်အရေး အသိပညာပေး Talk Show ကျင်းပ

ပေါက်တော ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန (Community Centre) တွင် ယမန်နေ့ညနေပိုင်းက မသန်စွမ်းသူများအခွင့်အရေး အသိပညာပေး Talk Show ကို ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ပြုလုပ်ကြသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က မသန်စွမ်းသူများအခွင့်အရေး အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဇင်မိုးက မသန်စွမ်းမှု၏အဓိပ္ပါယ် မြန်မာနိုင်ငံအတွင်းတွင်အဖြစ်များသည့် မသန်စွမ်း(၄)မျိုး၊ မသန်စွမ်းသူတို့၏ ပညာသင်ယူနိုင်မှုအခြေအနေ စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဝင်းမင်းစိုး