ပေါက်တောမြို့တွင် ဌာဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါက်တော ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို (၂၂)ရက်နေ့တွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ မပျက်မကွက်ပါဝင်ဆင်နွှဲကြရန်၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သည့်အတွက် ဌာနဆိုင်ရာရုံးများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ရုံးတွင်း/ပြင် သန့်ရှင်းရေးဆောင်ရွက်ထားကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ အလေးထားဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ (Working Group) ၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ဌာနလုပ်ငန်းအခြေအနေများ သက်ဆိုင်ရာကဏ္ဍများအလိုက် သိရှိလိုသည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)