လှည်းကူး ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် MobileLibraryစနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ ရန်ကင်းအခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ MobileLibraryစနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပတ်ရိတ်သတ်ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေခြင်း၊ စသည့်စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေး အခေါ်ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများနှင့်စာသင်ကျောင်းများသို့ အပတ်စဥ်အလှည့်ကျ စာအုပ်/စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)