ကျောက်တလုံးကြီးမြို့၌ အသက်၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံငွေများပေးအပ်

ကျောက်တလုံးကြီး     စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ပေါ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ် အတွက် နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာတွင်  ကျောက်တလုံးကြီးမြို့၊   နောင်လုံရပ်ကွက် ဒုံအုံးရပ်ကွက်၊ လင်းနာရပ်ကွက် နှင့် တပူရွှေးရပ်ကွက်  အတွင်းရှိ လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား(၆) ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် နိုင်ငံတော်မှ လစဉ်တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လ တစ်ကြိမ် ထောက်ပံ့ရာ (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) အတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၈၀၀၀၀) ကျပ်ကို  သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)