မိုးမောက်မြို့နယ်၌ မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးမောက် ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်ဦးဆောင်၍ လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်ကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်လဝကမြို့နယ်ဦးစီးမှူးဦးညီညီက မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့်ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် မြေပြင်တစ်အိမ်တက်ဆင်း/ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအသေးစိတ်အား ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)