မိုင်းရှူး ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် မြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးကျော်လင်းတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ အမှတ်(၄၆/၂၀၂၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သောအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအသစ်ပါ အမည်နှင့် အဓိပ္ပာယ်၊ အသင်းအဖွဲ့ဆိုတာဘာလဲ၊မှတ်ပုံတင်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိသော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့၏ အခွင့်အရေးနှင့်တာဝန်များ၊ မှတ်ပုံတင်လက်မှတ်ရရှိထားသောအသင်းအဖွဲ့က လိုက်နာရမည့်တာဝန်များ၊စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မိုင်းရှူးမြို့နယ်အသင်းအဖွဲ့ မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၅၀)ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)