ကာလိမြို့၌ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကာလိ  ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကာလိနယ်မြေတပ်ရင်း မိသားစုဝင်များနှင့့် ပူးပေါင်းပြီး မူကြိုကလေးငယ်လေးများအား  (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ပုံပြင် ပြောပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီက ကလေးစာဖတ်ခန်း၌  ကျင်းပခဲ့ကြောင်း သိရသည်။

ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မူကြိုသားငယ်၊ သမီးငယ် လေးများကို ပြိုင်ပွဲတွင်ယှဉ်ပြိုင်လိုစိတ်ရှိရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် အပြောစွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် သားငယ်၊ သမီးငယ်လေးများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။ ပါဝင်ယှဉ်ပြိုင်ကြသည့် မူကြိုသားငယ်၊ သမီးငယ်လေးများကို မုန့်နှင့်ကြက်ဥပြုတ်များ ဝေငှပေးခဲ့ကြောင်းသိရသည်။

ထင်ထင် (ကာလိ၊ပြန်/ဆက်)